အင်းစိန်ထောင်ရှေ့က ဆန္ဒပြပွဲ - DVB News HD
ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကျပ်နေတဲ့ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တစ်ခုကို အင်းစိန်အကျဉ်းထောင်ရှေ့မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်သွားပါတယ်။ "နံရံကို ခေါင်းနဲ့မတိုက်နဲ့တဲ့ ၊ ငါတို့ကားနိုင်လိုစိတ်ဖြင့်တိုက်၏။ အာဏာရှင်တံတိုင်း ဗုန်းဗုန်းလဲစေ" ဆိုတဲ့စာတန်းပါ အနီရောင်ဘန်နာဆိုင်းဘုတ်ကိုင်စွဲပြီး ဆန္ဒပြလှုပ်ရှားခဲ့တာပါ။ ဒီပြောက်ကျားသပိတ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) ၊ North Dagon Oppressed People Strike Colition(NDOPSC) နဲ့ နွေဦးတပ်ပေါင်းစုအထွေထွေသပိတ်ကော်မတီ တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။ Video - GSC #dvbtvnews #protest #WhatsHappeningInMyanmar DVB TV - 19.02.2022