လာမည့်လမှာ LG ကနေမိတ်ဆက်မယ့် 5G စမတ်ဖုန်း HD

06.02.2019
အခုနှစ်က 5G စမတ်ဖုန်းတွေ ဈေးကွက်ကို အများအပြားရောက်ရှိလာမယ့်နှစ်လို့ ဆိုနိုင်ပါတယ်။ Samsung နဲ့ Huawei အပါအဝင် စမတ်ဖုန်းကုမ္ပဏီ အတော်များများကလည်း 5G ကွန်ရက်စနစ်ကို ထောက်ပံ့နိုင်တဲ့ ဖုန်းတွေကို ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ LG ကတော့ သူ့ရဲ့ 5G ကွန်ရက်စနစ်ပါဝင်တဲ့ ပထမဆုံးထုတ်ကုန်ဖြစ်တဲ့ V50 ThinQ စမတ်ဖုန်းကို လာမယ့်လမှာ ကျင်းပမယ့် Mobile World Congress မှာ မိတ်ဆက်သွားမှာပါ။ မျက်နှာပြင်အရွယ်အစား ခြောက်လက်မရှိတဲ့ အဲ့ဒီစမတ်ဖုန်းမှာ 7nm Snapdragon 855 chipset နဲ့အထိုင်ချထားတာပါ။ Vapor-Chamber cooling စနစ်ကို အသုံးပြုထားပြီးတော့ 4000 mAh battery ထည့်သွင်းပေးထားပါတယ်။ ဒီလ ၂၄ ရက်မှာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပမယ့် Mobile World Congress မှာတော့ LG က V50 ThinQ 5G စမတ်ဖုန်းအပြင် LG G8 ကိုလည်း မိတ်ဆက်သွားမှာပါ။ ရောင်းဈေးတွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ Samsung, Huawei နဲ့ Honor တို့ကတော့ သူတို့ရဲ့ 5G ဖုန်းတွေကို အခုနှစ်ဝက်မှာ ရောင်းချသွားဖို့ ကြေညာထားကြပါတယ်။ ◾ Apple ကနေ iphone တွေကို ဈေးလျှော့ရောင်းတော့မယ့် အကြောင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ကုန်ဆုံးခဲ့တဲ့ လေးလပတ်မှာ ၀င်ငွေ ၈၄ ဒသမ ၃ ဘီလီယံ ရခဲ့တဲ့ Apple က ယမန်နှစ်ကထက် နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်း ၀င်ငွေကျဆင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတစ်ဝန်း iphone သုံးစွဲသူအရေအတွက်က လက်ရှိမှာ သန်း 900 ရှိတယ်လို့ ဆိုပြီးတော့ လက်ရှိမှာ ရောင်းအားကျဆင်းတာနဲ့ ၀င်ငွေကျဆင်းတာတွေအတွက် အနာဂတ်မှာ ထုတ်မယ့် iphone တွေရဲ့ ဈေးနှုန်းကို လျှော့ပြီး ရောင်းချသွားမယ်လို့ ကုမ္ပဏီရဲ့စီအီးအို တင်မ်ကွတ်ခ်က ပြောတာပါ။ အထူးသဖြင့် အခြားနိုင်ငံတွေမှာ သူတို့ရဲ့ ငွေကြေးတန်ဖိုးကနည်းပြီးတော့ အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်နေတာက iphone တွေ ရောင်းအားကျဆင်းနေ ရတဲ့အဓိက ပြဿနာဖြစ်တယ်လို့လည်း တင်မ်ကွတ်ခ်က ပြောပါတယ်။ ဒေါ်လာဈေးတန်ဖိုး မြင့်နေတာကြောင့် အရင်နှစ်တွေကထက် အခုနှစ်မှာ iphone တွေ ပိုဈေးကြီးနေတာလို့ ဆိုပါတယ်။ ဒီပြဿနာအတွက် iphone တွေကို အမေရိကန်ဒေါ်လာနဲ့ ရောင်းချမယ့်အစား နိုင်ငံတွေအလိုက်သုံးစွဲတဲ့ ငွေကြေးနဲ့ရောင်းချသွားဖို့ရှိတယ်လို့ သူကပြောထားပြီးတော့ နိုင်ငံအလိုက် သုံးစွဲတဲ့ငွေကြေးနဲ့ iphone တွေကို အရင်ကထက် ဈေးသက်သာစွာ ဝယ်ယူနိုင်ဖို့ရှိပါတယ်။ ◾ ကျောဘက်ကင်မရာ 48MP ပါဝင်လာမယ့် Vivo V15 Pro အကြောင်း Vivo က မကြာမီမိတ်ဆက်တော့မယ့် V15Pro မှာ ကျောဘက်ကင်မရာသုံးလုံး တပ်ဆင်လာမှာဖြစ်ပါတယ်။ အဲ့ဒီထဲက တစ်လုံးထဲမှာ အရည်အသွေးမြင့် 48MP ကင်မရာတစ်လုံးတင်ဆင်လာမှာပါ။ ဒီလ ၂၀ ရက်မှာ မိတ်ဆက်မယ်လို့ ကုမ္ပဏီက ကြေညာထားတဲ့ အဲ့ဒီစမတ် ဖုန်းမျက်နှာပြင်ကို Super AMOLED နဲ့တည်ဆောက်ထားပြီးတော့ Snapdragon 675 နဲ့အထိုင်ချထားတာပါ။ RAM အနေ နဲ့ 6GB ပါဝင်ပြီး Internal Storageကတော့ 128 GB ထည့်သွင်းပေးထားပါတယ်။ ကျောဘက်မှာ 48MP, 8MP, 5MP ကင်မရာ သုံးလုံးပါဝင်မှာဖြစ်ပါတယ်။ အရှေ့ကင်မရာကိုတော့ Pop-up ကင်မရာတပ်ဆင်လာမှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာစနစ်ကို သုံးနိုင်မှာဖြစ်ပြီးတော့ ရောင်းဈေးကိုတော့ ဒေါ်လာ ၃၅၀ သတ်မှတ် ထားပါတယ်။

Похожие видео

Показать еще